ရဲတပ်ဖွဲ့ဝင်တွေ Online Shopမှ ပစ္စည်းလာပို့ရင် သတိထားဖို့ ညွှန်ကြား

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအားလုံး Online Shopမှ ကိုယ်တိုင်မမှာထားဘဲ ပစ္စည်းလာပို့ဖို့ ဆက်သွယ်လာရင် အိမ်လိပ်စာပေးတာ၊ အိမ်ရှေ့ထွက်ယူတာနဲ့ ချိန်းဆိုထားတဲ့ နေရာတွေကို သွားရောက် ယူဆောင်တာတွေ မလုပ်ဆောင်ဖို့ အကြမ်းဖက်စစ်အုပ်စုက ညွှန်ကြားတဲ့စာတစ်စောင် ထွက်ပေါ်လာပါတယ်။

ဩဂုတ်လ ၁၉ရက်နေ့က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့သစ်မှာ နေထိုင်တဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဗိုလ်ကြီး ဇော်မိုးရဲ့ ယောက္ခမဖြစ်သူ ဒေါ်သီတာမောင်မောင်ဟာ Online Shopက လက်ဆောင်ရတယ်ဆိုတဲ့ အမျိုးသမီးအလှပြင်ပစ္စည်းတွေကို လာရောက်ယူဆောင်ဖို့ အမည်မသိသူတစ်ဦးက ဖုန်းဆက်ချိန်းဆိုပြီး Delivery လာရောက်ပို့ဆောင်တာကို ထွက်ယူစဉ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးမှုဖြစ်ပွါးပြီးနောက် အခုလို ညွှန်ကြားစာထွက်ပေါ်လာတာပဲဖြစ်ပါတယ်။