ဇူလိုင်လအတွင်း ပုသိမ်မှာ ကိုဗစ်​ကြောင့်သေဆုံးသူ ၈၀၀​ကျော်ရှိ

၃၁၊ ဇူလိုင်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ ဇူလိုင်လ ၃၁ရက်နေ့က ကိုဗစ်နဲ့ ​သေဆုံးသူ ၂၂ဦး ရှိတယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ ၁ဦး၊စစ်တပ်မဆရ(၄)ဆေးရုံက၂ဦး၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ ၁၉ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကပ်​ရောဂါတတိယလှိုင်းအတွင်း ပုသိမ်မြို့မှာ ဇူလိုင်လ တလလုံး ကိုဗစ်​ရောဂါနဲ့ သေဆုံးသူ ၈၁၀ဦးရှိလာပြီဖြစ်ပါတယ်။