ဆောင်းပါး

တပတ်တာနွေဦးပုံရိပ်လွှာ

စာမျက်နှာတခုလို ကျော်သွားလို့ရလျှင် မဖတ်ဘဲကျော်သွားလိုက်ချင်သည့် နွေဦး သီတင်းပတ် ဖြစ်သည်။ဤသီတင်းပတ်သည် တစိမ့်စိမ့်တွေးမိလေတိုင်း တဆစ်ဆစ်နာကျင်ရသည့် နွေဦးသီတင်းပတ် မ ဟုတ်လား။ သမိုင်းမော်ကွန်းတင်ထားသော ကြေကွဲဝမ်းနည်းစရာနေ့ရှိပြီးသား ဇူလိုင်လထဲမှာ နွေဦး ပြည်သူ တွေ အဖို့ နာကျင်ကြေကွဲရသည့် နေ့တနေ့ထပ်တိုးလာပြန်လေသည်။လူလေးဦး၊ပြည်သူ့ဘက်တော်သားသူရဲကောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့မှာ “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” အတွက် သံပုံးတီးတဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေ

ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်အချို့မှာ “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”အတွက်သံပုံးတီးတဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ ကမာရွတ်မြို့နယ်၊ လှည်တန်း ပေ ၅၀ လမ်းအတွင်းမှာ သံပုံးတီးတယ်လို့ဆိုကာ အကြမ်းဖက်စစ်တပ် က လူ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် အလုံမြို့နယ်မှာလည်း သံပုံးတီးတဲ့နေအိမ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေး – တမူး လမ်းမကြီးပေါ်မှာ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်း

ဇူလိူင်လ ၃၀ မနက်ပိုင်းမှာ ကလေးမြို့ကနေ တမူးဘက်ကိုသွားတဲ့ စစ်ကား ၄ စီး ၊ ၁၂ ဘီးကားတစ်စီးပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းကို Kalay PDF က သုံးကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kalay PDF နှင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးလူသေဆုံးမှုကို စပိန်နိုင်ငံ ထုတ်ပြန်

စပိန်ဟာ သူ့နိုင်ငံတွင်းမှာ ပထမဆုံး မျောက်ကျောက်ရောဂါနဲ့ ဆက်နွှယ်တဲ့သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင်လ ၂၉ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလို စပိန်မှာ မျောက်ကျောက်ရောဂါနဲ့သေဆုံးတာဟာ ဥရောပမှာ ပထမဆုံးသေဆုံးတာလို့ ယူဆရပြီး လက်ရှိရောဂါဖြစ်ပွားနေတဲ့ အာဖရိကရဲ့ပြင်ပမှာ ဒုတိယမြောက်သေဆုံးမှုလို့လည်း ယူဆလို့ရပါတယ်။ ဇူလိုင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မက္ကဆီကိုနိုင်ငံမှာ မိုးခေါင်ပြီးနောက် သောက်သုံးရေတွေ ပြတ်လတ် 

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နျူအေဗွန်လီယွန်ပြည်နယ်မှာ မိုးခေါင်ပြီးနောက် သောက်ဆုံးရေးပြတ်လတ်မှု ပြဿနာ ရင်ဆိုင်နေရပါတယ်။  ဒါ့ကြောင့် အာဏာပိုင်တွေက အမျိုးသားလုံခြုံရေးဆိုင်ရာ အခြေအနေတရပ်ကို ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ ဖက်ဒရယ်အစိုးရဟာ အများပြည်သူတွေ သုံးဖို့အတွက် ဦးစားပေးမယ်လို့ ပြောကြားထားပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို ပေးထားတဲ့ ရေပေးဝေမှုကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာ

အီရန်နိုင်ငံတစ်ဝှမ်း အခုသီတင်းပတ်အတွင်း မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၅၃ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံမှာ ဖော်ပြထားပါတယ်။ မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် တီဟီရန်အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဘက်ရှိ ရွာနှစ်ရွာမှာ လူပေါင်း ၃၀ကျော် သေဆုံးခဲ့ပြီး တခြားပြည်နယ် ၈ခုမှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အခက်အခဲတွေကြားက ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဆက်လက်တော်လှန်

ဒီနေ့ ဇူလိူင်လ ၃၀ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ” ညီညွတ်မှ ပြည်သစ်ရမယ်။ ဘုံရန်သူကိုမမေ့ကြနဲ့ ” စာတန်းကိုင်စွဲပြီး ၅၃၈ ရက်မြောက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီရက်ပိုင်းအတွင်း ကလေးမြို့အတွင်းမှာ ဖမ်းဆီးမူတွေ အဆမတန်များပြားခဲ့တာကြောင့် ကလေးမြို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံက အကြမ်းဖက် စစ်ကောင်စီရဲ့ ဧည့်ရိပ်သာ ဗုန်းခွဲတိုက် ခိုက်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ရှိ စစ်ကောင်စီရဲ့”ရွှေရတု”ဧည့်ရိပ်သာ အနီးမှာ ဒီနေ့ ဇူလိုင် ၃၀ ၊ မနက် ၁၁ နာရီကျော်က အမည်မသိတပ်ဖွဲ့က ဗုန်းခွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ခန်းမထဲမှာက စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ဒီနေ့ ဇူလိူင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းရွာရဲစခန်းကနေထွက်လာတဲ့ ရဲသုံးဦးကို PDF Gangaw တောင်ပိုင်းအဖွဲ့က ပစ်ခတ်ရာ ရဲနှစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာနဲ့ စခန်းဘက်ကို ပြန်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စခန်းကထွက်ပြီး ရွာထဲဘာယူမလို့လဲမသိဘူး။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းဂွစျေးအနီး ဗုံးတွေ့အပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊မကြီးကြီးလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတယ်လို့ဆိုပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်တာ၊စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးဟာ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ ဒီကနေ့ဇူလိုင် ၃၀ ရက်၊မွန်းလွဲ ၁နာရီဝန်းကျင်က တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး [ဆက်လက်ဖတ်ရှုရန်]