ကိုဗစ်ရောဂါတိုက်ဖျက်ရေး အီးယူက ယူရို နှစ်သန်းထောက်ပံ့မယ်

၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ အလျင်အမြန်ပျံ့နှံနေတဲ့ ကိုဗစ်ရောဂါကူးစက်မှု ဟန့်တားရေး အရေးအပေါ်အကူအညီအတွက် ယူရို ၂သန်း ထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) က ဇူလိုင်လ ၂၄ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီရန်ပုံငွေတွေကို အောက်ဆီဂျင် ၊ PPE အပါအဝင် ကိုဗစ်ရောဂါကုသရေးအတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူရေးအပြင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေအတွက် အသုံးပြုမှာဖြစ်ပြီး ယုံကြည်စိတ်ချရပြီး အမှီအခိုကင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကနေဆင့် ပေးလှူသွားမှာပါ။

အီးယူအနေနဲ့ လက်ရှိခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ် ၊ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ဖိနှိပ်နေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရှုတ်ချပြီး ကျန်းမာရေးဝန်ထမ်းတွေကို နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးဖို့ တောင်းဆိုတယ်လို့ အီးယူရဲ့ ပဋိပက္ခရေးရာ စီမွခန့်ခွဲရေး မဟာမင်းကြီး Janez Lanarcic က ပြောပါတယ်။

အခုထောက်ပံ့မှုအပါအဝင် အခုနှစ် ၂၀၂၁အတွင်း အီးယူကနေ မြန်မာနိုင်ငံကို ယူရို သန်း ၂၀ကျော် ကူညီထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။