ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၄ဦးသေဆုံး

ပုသိမ်မြို့မှာ သြဂုတ်လ ၂၈ရက်နေ့က ကိုဗစ်လူနာ (၄)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။
 
 
ဒီနေ့မှာပုသိမ်ဆေးရုံက နေသေဆုံးသူ၁ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ၃ဦးဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၀၇)ဦးအပါအ၀င် စုစုပေါင်း (၁၁၁၇)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News

Read Previous

ရဲတပ်ဖွဲ့ဝင်တွေ Online Shopမှ ပစ္စည်းလာပို့ရင် သတိထားဖို့ ညွှန်ကြား

Read Next

စဉ့်ကူးမြို့နယ်က ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ

Most Popular