အမေရိကန်အပါအဝင် QUAD လေးနိုင်ငံအစည်းအဝေးမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

အမေရိကန် ၊ ဂျပန် ၊ ဩစတြေးလျ နဲ့ အိန္ဒိယ ပါဝင်တဲ့ QUAD အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၂ရက်နေ့က ပြုလုပ်တဲ့ QUAD အဖွဲ့ဝင်နိုင်ငံတွေရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းအာဆီယံရဲ့ အရေးပါမှုကိုလည်း အခိုင်အမာ ထောက်ခံတယ်ဆိုတာ ထပ်လောင်းပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ ပတ်သတ်လို့ အာဆီယံခေါင်းဆောင်တွေ ဦးဆောင်ဖြေရှင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြီးခဲ့တဲ့
အမေရိကန် – အာဆီယံ ဆွေးနွေးပွဲတွေမှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအရေး ကူညီဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ခန့်အပ်ထားပြီး မြန်မာနိုင်ငံ ခရီးစဉ်မှာ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရလိုတယ်လို့ အထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

Delta News Agency

Read Previous

၅၀၀၀တန် ၁၀၀၀၀တန် ငွေစက္ကူတွေကို ဆက်လက်သုံးစွဲနိုင်တယ်လို့ ဗဟိုဘဏ်ကြေညာ

Read Next

အောင်လံလွှင့်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ စရောင်းမယ်