တာပိန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေ ဘေးလွတ်ရာ အမြန်ပြောင်းဖို့ သတိပေး

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

တာပိန်ရေအားလျှပ်စစ်စီမံကိန်း တာပိန်ရေလှာင်ကန်မှ သတ်ရေးအမှတ်ထက် ကျော်လွန်နေတာကြောင့် ရေဖောက်ချဖို့ ပြင်ဆင်နေပြီး တာပိန်မြစ်ကြောင်းတလျှောက် ကျေးရွာတွေနဲ့ ဗန်းမော်မြို့နယ်အတွင်းက မြစ်ကြောင်းတလျှောက် ရပ်ကွက်၊ကျေးရွာအုပ်စုတွေ အနေနဲ့ ဘေးလွတ်ရာကို အချိန်မှီ ရွှေ့ပြောင်းနေထိုင်ပေးကြဖို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒသ သတင်းထုတ်ပြန်လိုက်ပါတယ်။

တာပိန်မြစ်ရေဟာ ဩဂုတ်လ ၁၉ရက်နေ့ နေ့လည် ၁၂နာရီ တိုင်းထွာချက်အရ ဗန်းမော်မြို့မှာ ၉၈၈ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ဖို့ အနည်းငယ်သာ လိုအပ်တော့ပြီး တာပိန်ရေလှောင်ကန်က ရေဖောက်ချလိုက်ပါက ရေဖောက်ချပြီး ၁၀နာရီအတွင်း ဗန်းမော်မြို့ကို ရေအလုံးအရင်းနဲ့ ရောက်ရှိလာနိုင်တာကြောင့် အခုလို ရွေ့ပြောင်းဖို့ သတိပေး သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။