ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၄ဦးသေဆုံ

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။
ပုသိမ်မြို့မှာ သြဂုတ်လ ၁၉ရက်နေ့က ကိုဗစ်လူနာ (၄)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။
 
ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၁)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၃)ဦးသာရှိခဲ့တယ်လို့ သိရပါတယ်။
 
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၆၆)ဦးအပါအ၀င် စုစုပေါင်း (၁၀၇၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News

Read Previous

တာပိန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေ ဘေးလွတ်ရာ အမြန်ပြောင်းဖို့ သတိပေး

Read Next

ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ကျည်ဆံပို့ သတိ​ပေးခံရ