၄ရက်အတွင်း KNLA တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်

၂၁ ၊ ဩဂုတ် ၊ ၂၀၂၁ ။

ဩဂုတ်လ ၁၇ရက်နေ့ကနေ ၂၀ရက်နေ့အထိ ၄ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၂၀ယောက်သေကာ ၃ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သူးလေသတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက KNU ထိန်းချုပ်နယ်မြေအတွင်းကို တပ်အင်အားတိုးချဲ့ချထားပြီး စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့်

KNLAနဲ့ KNDOတို့က ပြန်လည် ခုခံပစ်ခတ်ကြရာကနေ အခုလို ထိတွေ့တိုက်ပွဲတွေ များပြားလာခြင်းပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မူတြော်ခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လေယာဉ်တွေ လိုက်လံထောက်လှမ်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။