မေ၊ ၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ (၄၄)နဲ့ ဘီးလင်းမြို့နယ်က ရဲကင်းစခန်းနှစ်ခု ဒီကနေ့တရက်တည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ ကျိုက်ထို တပ်မ (၄၄)ရုံးရှေ့တည့်တည့်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတာ၊ ထိသွားတာက စစ်သားတဦးနဲ့ အဲ့မှာတပ်မိသားစုဝင်ကောင်လေး တယောက်ထိတယ်၊ သန့်ရှင်းရေးလုပ်နေတဲ့အချိန်ပေါ့၊ ဘီးလင်း ဝင်းကမှာက ရဲကင်းစခန်းဝင်ပစ်ခံရတာပါ၊ တဦးကျတယ်၊ တဦးဒဏ်ရာရတယ် ” လို့…
Read Moreဧပြီ၊ ၂၆ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ပေါ်က စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကို အတင်းအကြပ်ရွေ့ပြောင်းနေထိုင်ခိုင်းလို့ ဒေသခံငါးရာခန့် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ “ တပတ်လောက်ရှိပြီ ဒီလို ပြောလာတာလေ။ သူတို့က မြို့ပေါ်မှာ တိုက်ပွဲဖြစ်ရင် တာဝန်မယူဘူး။ အဲဒါကြောင့် ရဲစခန်းအနားတို့၊ ကမ်းနားတို့၊ လမ်းမတန်းတလျှောက်မှာ နေတဲ့သူတွေ ဘေးလွတ်တဲ့နေရာကို အမြန်ပြောင်းထားကြဖို့ ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။…
Read Moreဧပြီ၊ ၂၄ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်မှ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ဒီနေ့မနက်က နာရီဝက်အတွင်း သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ချေးမှုန်းရေးရိုင်ဖယ် (၅) လက်ကို သိမ်းဆည်းရမိတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲက တပ်မဟာ (၁)သထုံခရိုင်နဲ့ တပ်မဟာ(၅) ဖာပွန်ခရိုင် ကြားမှာတည်ရှိပြီး အချက်အချာကျတဲ့ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ဒီနေ့…
Read Moreဧပြီ၊ ၂၃ ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်း ၄ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် K.N.L.A တပ်မဟာ (၃) တပ်ပေါင်းစုက တပြိုင်တည်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီကနေ့ ဧပြီ ၂၃ မှာ ထုတ်ပြန်လာပါတယ်။ မနေ့ ဧပြီ ၂၂ ရက်မနက်လေးနာရီခွဲမှာ KNU မူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းလေးခုဖြစ်တဲ့…
Read Moreမတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊ မုဒြာ(ဖာပွန်)ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့မှ မတ် ၂၈ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ “ကျွန်တော်တို့ ဒီမနက်ကပဲ၊ KNLA က ဦးဆောင်တယ်ပေါ့နော်။FFD အဖွဲ့ကနေပြီးတော့ ဒရုန်းအင်အားအမြောက်အများနဲ့ ဒီ FFD က ခေါင်းဆောင်တွေကိုယ်တိုင် ကြီးကြပ်ပြီး တိုက်ခိုက်မှုကို စတင်ခဲ့တယ်ပေါ့နော်။ ၄၅ မိနစ်လောက်မှာ ကျွန်တော်တို့…
Read Moreဖေဖော်ဝါရီ၊ ၂၈ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် တပတ်အတွင်း ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတွေကပြောပါတယ်။ ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူး ပေါင်းတပ်တွေရဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွှေကျင်မြို့နယ် အတွင်း ကျေးရွာငါးရွာက ဒေသခံခုနစ်ထောင်ကျော်…
Read Moreဖေဖော်ဝါရီ ၂၆ KNLA တပ်မဟာ ၆၊ကြာအင်းဆိပ်ကြီးနယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းနဲ့ Specital Operation Force S.O.Fအဖွဲ့တို့ကြား ညပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဖက်က လေးဦးသေဆုံးပြီး၊S.O.Fအဖွဲ့ဘက်ကတော့ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အဖွဲ့တာခံ ပိုအောင်စံရှားက ပြောပါတယ်။ “ညဖက်ဆိုတော့ ချေမှုန်းရတာခက်တယ်ပေါ့နော်။အဲ့ဒိမှာ ဒီကောင်တွေလေးယောက်သေတယ်။ဦးနှောက်ပွင့်တဲ့ကောင်ပွင့်၊ခေါင်းပွင့်တဲ့ကောင်ပွင့်၊ရင်ဘက်ပွင့်တဲ့ကောင်ပွင့်၊ဗိုက်မှန်တဲ့ကောင်နဲ့ လေးယောက်သေသွားတယ်”လို့ S.O.Fအဖွဲ့ရဲ့တာဝန်ခံ ကိုအောင်စံရှားကပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ရက် ညပိုင်းက စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းဟာ KNLA တပ်မဟာ ၆ရဲ့နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာစဥ်မှာ KNLAနဲ့S.OFပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒိတိုက်ပွဲမှာ…
Read Moreမွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေလေးနာရီကျော်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လလို့ နှစ်ဘက်ထိခိုက်မှုတွေရှိသလို ဒေသခံ နှစ်ဦးလည်းဒဏ်ရာရပြီး တဦးက တော့ စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်တာလို့ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် သတင်းအရင်းတခုကပြောပါတယ်။ ဘီးလင်းအခြေစိုက် ခလရ(၈)၊ ခမရ(၃)နဲ့ ဇီးဝန်းအမြောက်တပ်ကစစ်သား အင်အား ၅၀ ကျော်နဲ့ ဇီးဝန်း…
Read Moreစစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းရုံး (KNU) ကော်သူးလေအုပ်ချုပ်န ယ် မြေတွေထဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ရာကျော်ကျဆုံးခဲ့ပြီး (၆၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ KUN ဗဟိုက ဒီကနေ့ မှာ ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေထဲ နည်းလမ်းအမျိုးမျိုးနဲ့ရောက်ရှိလာကြတဲ့ ပြည်သူလူထုတွေ၊ ကျောင်းသားလူငယ်တွေ၊ ဆန္ဒပြသူတွေကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် တော်လှန်နိင်မယ့်သူတွေကို အဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ပြီးနောက် အခြေခံစစ်သဘောတရားနဲ့ အခြေခံစစ်သင်တန်းတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့…
Read Moreကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင် KNLA တပ်မ ဟာ(၆) နယ်မြေအခြေစိုက် ဒေါင်းမင်းတပ်ဖွဲ့ရဲ့အ ခြေစိုက်စခန်းတခုကို ဇန်နဝါရီ(၃)ရက်မှာစစ်ကောင် စီက လေကြောင်းကဗုံးကျဲတိုက်ခိုက်လို့ စခန်းပျက် စီးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ “လူအထိအခိုက်မရှိပါဘူး၊ကြိုတင်ပြီးအကြိမ်ကြိမ်လေ့ကျင့်ထားတဲ့အတိုင်းညဘက်စခန်းစွန့်ခွာအစီစဉ်အတိုင်းအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်၊ စခန်းကမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေတော့ထိခိုက်တာပေါ့”လို့ဒေါင်းမင်းစစ်ကြောင်းတာဝန်ခံကDNA ကိုပြောပါတယ်။ အဲ့ဒီစခန်းကို စစ်ကောင်စီကဇန်နဝါရီ၃ရက် ညသန်းခေါင်ကစလို့မနက်နှစ်နာရီအထိလက်နှက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင်လေယာဉ်ပေါ်ကနေစက်သေနတ်နဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စခန်းတစ်ခုလုံးပျက် စီးပြီးတပ်ဖွဲ့ပိုင် အဆောက်အဦးနဲ့ဆက်သွယ်ရေးစက်တွေဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
Read More