ဒီနေ့မနက် မုပ္ပလင်လမ်းဆုံ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦးသေ

ဒီနေ့မနက် မုပ္ပလင်လမ်းဆုံ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦးသေ

ဒီနေ့ မနက်ဖြစ်ပွားတဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မုပ္ပလင်လမ်းဆုံဂိတ်မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ KNLA တပ်မဟာ-၁ ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့ မနက် ၅ နာရီလောက်က မိနစ် ၄၀ ကျော်ကြာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိပြီး ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ KNU…

Read More
စစ်တပ် ရှေ့တန်းစခန်းအတွက် လေယာဉ်နဲ့ကြဲချတဲ့ လက်နက်နဲ့ ရိက္ခာ KNLA တပ်ဖွဲ့ဝင်တွေ ရရှိ

စစ်တပ် ရှေ့တန်းစခန်းအတွက် လေယာဉ်နဲ့ကြဲချတဲ့ လက်နက်နဲ့ ရိက္ခာ KNLA တပ်ဖွဲ့ဝင်တွေ ရရှိ

အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်းဆီ လေယာဉ်နဲ့ကြဲချတဲ့ လက်နက်နဲ့ ရိက္ခာတွေကို KNLA တပ်ဖွဲ့ဝင်တွေက ရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၂၉) ရက်နေ့မှာ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်း မယ်ဝေ (မဲဝိုင်) အတွက် စစ်လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ ဝတ္ထုပစ္စည်းတွေ ကြဲချခဲ့ခြင်းဖြစ်ပြီး ကြဲချသွားတဲ့ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းအားလုံးကို KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း (၁၀၂)၊ တပ်ခွဲတပ်ဖွဲ့ဝင်တွေက ရယူသိမ်းဆည်းကာ…

Read More
သေ့ဘောဘိုးရွာအနီး တိုက်ပွဲ ဆက်ဖြစ်၊ အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်း ထပ်သေ

သေ့ဘောဘိုးရွာအနီး တိုက်ပွဲ ဆက်ဖြစ်၊ အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်း ထပ်သေ

မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က သေ့ဘောဘိုးရွာ အနီးမှာ ဒီနေ့မနက် ၃ နာရီလောက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား သေဆုံးထိခိုက်စာရင်းကို ဆက်လက်စုံစမ်းနေပါတယ်။ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်လောက်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ သေ့ဘောဘိုးရွာအနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်ကအထိအခိုက်မရှိဘူးလို့ Cobra Column က ထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီကနေ…

Read More
အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး KNLA ပစ်ခတ်တာထိမှန်ပြီး စက်ချို့ယွင်း ပျက်စီး

အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး KNLA ပစ်ခတ်တာထိမှန်ပြီး စက်ချို့ယွင်း ပျက်စီး

KNU၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ (မဲဝိုင်) ဒေသကို လာရောက်ထောက်လှမ်းတဲ့ အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး စက်ချို့ယွင်းပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ် ထိမှန်ခဲ့ရာ အပစ်ခံရတဲ့နေရာမှာ ပျက်ကျတာမျိုးမရှိပေမဲ့ လေတပ်ဌာနချုပ်ကို ပြန်လည်ရောက်ရှိချိန် စက်ချို့ယွင်း ပျက်စီးသွားတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုဟာ မတ်လ…

Read More
BGF မှ တပ်သားတစ်ဦး KNLA ကို လက်နက်နဲ့အတူ အလင်းဝင်

BGF မှ တပ်သားတစ်ဦး KNLA ကို လက်နက်နဲ့အတူ အလင်းဝင်

KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က တပ်သားတစ်ဦး မနေ့က မတ်လ ၁၈ ရက်နေ့တွင် လက်နက်နဲ့အတူ ဝင်ရောက်လာတယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်လိုက်ပါတယ်။ အလင်းဝင်ရောက်လာသူမှာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သား စောမော်ဝါးဖြစ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။ M-16 AR…

Read More
ကြားဖြတ် အတိုက်ခံရတဲ့ ယာယီတပ်ရင်းမှူး အပါအဝင် အကြမ်းဖက်စစ်သား ၂၀ သေ

ကြားဖြတ် အတိုက်ခံရတဲ့ ယာယီတပ်ရင်းမှူး အပါအဝင် အကြမ်းဖက်စစ်သား ၂၀ သေ

ရိက္ခာသွားထုတ်ပြီး ပြန်လာတဲ့ ခလရ ၉၇ ကို မယ်တရူလိုကျေးရွာအနီးမှာ KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူးအပါအဝင် အကြမ်းဖက်စစ်သား အယောက်၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၁ ရက်နေ့ နေ့ခင်းပိုင်းက မူတြော်ခရိုင် ၊ဒွယ်လိုးမြို့နယ်၊ မယ်တရူလိုကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၀ ယောက်ကျော် ပျောက်ဆုံးနေ ပြီး ၁၆ ဦးဖမ်းမိကာ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။…

Read More
ကြာအင်း-တဂေး လမ်းမကြီးပေါ်မှာ စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွား

ကြာအင်း-တဂေး လမ်းမကြီးပေါ်မှာ စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွား

KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကြာအင်း-တဂေးလမ်းမကြီးပေါ်မှာ နယ်မြေကျူးကျော်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ရက်နေ့ မနက်အစောပိုင်းမှာ KNLA တပ်ရင်း ၁၇ နယ်မြေအတွင်းကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်။ “ဖြစ်တာက…

Read More
ပြည်သူတွေကို ကာကွယ်ဖို့ စစ်အုပ်စုကို တိုက်ထုတ်ရမယ်လို့ KNLA တပ်မဟာ(၅) ဗျူဟာမှူးပြော

ပြည်သူတွေကို ကာကွယ်ဖို့ စစ်အုပ်စုကို တိုက်ထုတ်ရမယ်လို့ KNLA တပ်မဟာ(၅) ဗျူဟာမှူးပြော

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ KNU ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရုံကလွဲပြီး အခြားရွေးချယ်စရာနည်းလမ်း မရှိဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ BGFတို့ ပူးပေါင်းပြီး KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေမှုနဲ့တွေနဲ့ ပက်သက်ပြီး ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KICကမေးမြန်းမှုတွေမှာ ဗိုလ်မှူးကြီး စောထူးကရှောက အခုလို…

Read More
ဝေါမောကျေးရွာတိုက်ပွဲအတွင်း စစ်အုပ်စုက တစ်ဦးသေ

ဝေါမောကျေးရွာတိုက်ပွဲအတွင်း စစ်အုပ်စုက တစ်ဦးသေ

၂၂၊ စက်တင်ဘာလ ၊ ၂၀၂၁။ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် နို့တကောမြို့နယ် ဝေါမောကျေးရွာ တံတားဦးမှာ ဒီကနေ့ စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည် ၁၁နာရီခန့်က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲဖြစ်ပွါးရာမှာ စစ်အုပ်စုက တစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ နို့တကောမြို့နယ် သတင်းနဲ့ပြန်ကြားရေးက ပြောပါတယ်။ KNUထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ဘုရားငုတ္တိုကျေးရွာမှာ တပ်စွဲဖို့ စစ်အုပ်စုလက်အောက်ခံ ခမရ ၄၃၂တပ်ရင်းက အင်အား ၇၀ခန့်နဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် KNLA…

Read More
စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ကူညီမယ်လို့ KNLA စစ်ဦးစီးချုပ်ဆို

စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ကူညီမယ်လို့ KNLA စစ်ဦးစီးချုပ်ဆို

၅၊ စက်တင်ဘာလ၊ ၂၀၂၁။ စစ်အာဏာရှင်အစိုးရကို လက်မခံနိုင်တာကြောင့် ဆန့်ကျင်သူတွေကို ကူညီသွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက Salween Press မီဒီယာမှာ ဖြေကြားထားပါတယ်။ “မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ စစ်အာဏာရှင်ကို လက်မခံတဲ့အတွက် ကျွန်တော်တို့လက်ခံစရာအကြောင်းမရှိဘူး။ နိုင်ငံတကာကလည်း သူတို့ကိုမယုံကြည်ဘူး။ ဗမာတိုင်းရင်းသားတောင် သူတို့ကို မထောက်ခံဘူး၊ စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေကို ကူညီမှရမယ်။ အဲ့ဒါမှ အာဏာရှင်စနစ်ပြိုလဲမယ်။ ဒါကျွန်တော်တို့လည်းသိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်ရမယ်”လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီက Salween…

Read More