ရေစကြိုမြို့နယ် လျှပ်စစ်ရုံး၊လဝကနဲ့ ပခန်းနယ်မြေရဲစခန်းမှာ ဗုံးပေါက်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ရေစကြိုမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၂၁ရက်နေ့ နေ့လည် ၁၁နာရီခန့်က မြို့နယ်လျှပ်စစ်ရုံး၊ လဝကရုံးနဲ့ ပခန်းနယ်မြေရဲစခန်းတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

လျှပ်စစ်ရုံး ဝန်ထမ်းလိုင်းခန်းအနီးနဲ့ လဝကရုံးအရှေ့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကတော့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပခန်းနယ်မြေရဲစခန်းမှာ ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုဟာ ရဲစခန်းရှေ့က ဘန်ကာရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လူထိခိုက်မှု ရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ကြောက်လန့်ကာ သေနတ်ပစ်ဖောက်မှုအချို့ကို လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရေစကြိုမြို့နယ်အတွင်း အဝင်အထွက်ဂိတ်တွေနဲ့ မြို့အတွင်း စစ်အုပ်စုက လက်နက်တွေ အသင့်ကိုင်ဆောင်ကာ ကင်းလှည့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Delta News

Read Previous

၄ရက်အတွင်း KNLA တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်

Read Next

လွိုင်ကော်မှာ စစ်အုပ်စုက ပြည်သူတွေကို စစ်ဝတ်စုံဝတ်ပေးပြီး လူသားဒိုင်းလုပ်