အီးယူရဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး အီတလီက မြန်မာ့ကျွန်းသစ်တွေကို မှောင်ခိုရောင်းဝယ်နေ

၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ စစ်အာဏာ၏သိမ်းပြီးနောက်ပိုင်း အီတလီနိုင်ငံဟာ အီးယူရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ဂရုမပြုဘဲ မှောင်ခိုရောင်းဝယ်မှုကနေ မြန်မာ့သစ်တွေကို ဝယ်ယူတင်သွင်းခဲ့တယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA)က ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အီတလီနိုင်ငံသားကုန်သည် (၂၇) ဦးဟာ မြန်မာ့ကျွန်းသစ်ထုတ်ကုန်တွေကို တင်သွင်းခဲ့တယ်လို့ဆိုပြီး ၁၈ ရှစ်လကြာ EIAရဲ့ စုံစမ်း စစ်ဆေးမှုမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အပါအဝင် ဥရောပသမ္မဂ (အီးယူ) ဟာ မြန်မာစစ်အုပ်စုအတွက် ရန်ပုံငွေတွေ အလွယ်တကူ မရရှိနိုင်အောင် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဒီထဲမှာ မြန်မာ့ ကျွန်းသစ်ရောင်းဝယ်ဖောက်ကားမှုကိုလည်း အီးယူက ပိတ်ဆို့ အရေးယူထားပြီး သဘာဝအရင်းအမြစ်ကဏ္ဍအပြင် မြန်မာစစ်အုပ်စု ရန်ပုံငွေ ရရှိနိုင်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

“၁၈လကြာ စုံစမ်းစစ်ဆေးမှုကနေ ထွက်ပေါ်လာတဲ့ ဒီအချက်အလက်တွေကြောင့် ဒီကုန်သွယ်ရေးကို အီးယူဘာကြောင့် ခွင့်ပြုထားသလဲဆိုတဲ့ မေးခွန်းတွေ စိုးရိမ်တကြီး ထုတ်လာကြပါပြီ”လို့ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ရဲ့ သစ်တောဆိုင်ရာ လှုံ့ဆော်ရေး ခေါင်းဆောင် Faith Doherty က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးကတည်းက အခုလက်ရှိအချိန်ထိ အီတလီဟာ မြန်မာ့ကျွန်းသစ်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေဆဲဖြစ်ပြီး

မတ်လ၊ ဧပြီလနဲ့ မေလမှာတင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄ သန်း တန်ဖိုးရှိတဲ့ သစ်ထုတ်ကုန်တွေကို တင်ပို့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

Ref – ucanews