စစ်အုပ်စုက အမျိုးသမီးတစ်ဦးကို လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာ

၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

စက်တင်ဘာလ ၁ရက်နေ့ မနက်ပိုင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ပိုင်ကလာဒုံအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KUNတို့ တိုက်ပွဲဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်သူ အသက် ၃၀ကျော်အရွယ် နော်မူထိခေါင်ကို ဖမ်းဆီးခဲ့ပါတယ်။

နေ့လည် ၂နာရီခန့်မှာတော့ စစ်အုပ်စုက သူတို့ဖမ်းဆီးထားတဲ့ နော်မူထိခေါင်ကို အရှေ့မှာ လူသားဒိုင်းအဖြစ် ထားရှိပြီး ပိုင်ကလာဒုံကျေးရွာကနေ ယာကျကျေးရွာဖက်ကို စစ်ကြောင်းဆက်ထိုးလာတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာကြောင့် ပိုင်ကလာဒုံကျေးရွာအတွင်းမှာ အမျိုးသမီး၊ကလေးငယ်နဲ့ အသက်အရွယ်ကြီးနေသူတချို့ကလွဲပြီးတော့ ကျန်တဲ့ပြည်သူတွေ ရှောင်တိမ်းနေရပါတယ်။

Credit-KloFM

Delta News

Read Previous

ကင်းမရွာအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်အုပ်စု လုယက်မီးရှို့

Read Next

အီးယူရဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး အီတလီက မြန်မာ့ကျွန်းသစ်တွေကို မှောင်ခိုရောင်းဝယ်နေ