ကင်းမရွာအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်အုပ်စု လုယက်မီးရှို့

၁၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၁၅ရက်နေ့က တစ်ရွာလုံးကို မီးတင်ရှို့တာကို ခံခဲ့ရတဲ့ ကင်းမကျေးရွာအတွက် စေတနာရှင်အလှူရှင်တွေက ဝိုင်းဝန်းလှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁ရက်နေ့မှာ ရွာအတွင်းဝင်ရောက် လုယက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံရပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေကို ကင်းမကျေးရွာ ဘုန်းကြီးကျောင်းမှာ

စုစည်းထားရှိတာကို အကြမ်းဖက်စစ်အုပ်စုက ရောက်ရှိလာပြီး လုယူချက်ပြုတ်စားသောက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

“စားနပ်ရိက္ခာတွေရော လှူဒါန်းထားတဲ့ အမိုးအကာတွေရောကို လိုချင်တာလုယူပြီးတော့ ကျန်တာတွေကို မီးရှို့ဖျက်ဆီးပစ်ခဲ့တာ၊ သူတို့ရောက်နေပြီဆိုပြီး အနားက ကျေးရွာတွေကလည်း ထွက်ပြေးနေကြရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။