ရှမ်းမြောက် လှုရင်ထန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေ

၁၊ စက်တင်ဘာလ၊ ၂၀၂၁။

မုံကိုးမြို့နယ် လှုရင်ထန်ကျေးရွာအနီးမှာ စက်တင်ဘာလ ၁ရက်နေ့ မနက် ၁၀နာရီခန့်က စတင်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွါးနေပါတယ်။

ဒါ့အပြင် မူဆယ်မြို့ ဖောင်းဆိုင်းကျေးရွာက အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းကိုလည်း ဒီနေ့ မနက် ၈နာရီခန့်မှာ MNDAA ကသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဖက်က သေဆုံးသူတွေ ရှိခဲ့တယ်လို့သိရပါတယ်။


လှုရင်ထန်ကျေးရွာအနီးမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲနှင့် ပက်သက်ပြီးတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အကြမ်းဖက်စစ်အုပ်စုကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
Source- Kachinwaves