မြန်မာနိုင်ငံကို တိတ်တဆိတ် ရောက်ရှိခဲ့တဲ့ တရုတ် အထူးသံတမန် အာဏာသိမ်းခေါင်းဆောင်နဲ့ ဘာတွေဆွေးနွေးခဲ့လဲ 

၁၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်မှုနဲ့ တိတ်တဆိတ်ရောက်လာခဲ့တဲ့ တရုတ်အထူး သံတမန် Sun Guoxiang ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အတူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒတွေဟာ မြန်မာနိုင်ငံသားတွေ အတွ က် ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းကနေ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီး မြန်မာ့အရေးအတွက် အမြန်ဆုံးအဖြေရှာသွားမှာဖြစ်တယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှာ တရုတ်အထူးသံတမန်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့လူမှုတည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကဏ္ဍတွေအတွက် တရုတ်အစိုးက အပြည့်အဝထောက်ခံပြီး အာစီယံ ဘုံသဘောတူညီချက် (၅) ချက်ကိုလည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့သလို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးကဏ္ဍတွေမှာလည်း အတူတကွကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းရဲ့ ထုတ်ပြန်ပြောကြားချက်အရ တရုတ်အထူး သံတမန် Sun Guoxiang ဟာသြဂုတ်လ ၂၁ ရက်ကနေ သြဂုတ်လ ၂၈ ရက်အထိ

မြန်မာနိုင်ငံခရီးစဥ်မှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

တရုတ်သံတမန်ရဲ့ ခရီးစဥ်ဟာ တရားဝင် အသိပေးခဲ့တာတွေမရှိသလို လက်ရှိအချိန်ထိလည်း စစ်အုပ်စုဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိဘဲ တိတ်ဆိတ်နေခဲ့ပေမယ့် တရုတ်အစိုးအရဘက်ကတော့ ခရီးစဥ်အတွက် အခုလို တရားဝင် အသိပေးခဲ့ပါတယ်။

(ပုံဟောင်းကိုအသုံးပြုထားပါတယ်)