Radio NUG ထုတ်လွှင့်မှုကို ယာယီရပ်နားထားမယ်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG ကို ယာယီရပ်နားပြီးမှ ပြန်လည်ထုတ်လွှင့်မယ်လို့ ဒီနေ့ ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက စီစဉ်တဲ့Radio NUG လိုင်းတိုရေဒီယို စမ်းသပ်ထုတ်လွှင့်မှုကို မနေ့က မနက် ၈နာရီနဲ့ ည ၈နာရီ နှစ်ကြိမ် နာရီဝက်ကြာ အစီအစဉ်တွေကို ထုတ်လွှင့်ခဲ့တာပါ။

အခက်အခဲတွေကြားက တင်ဆက်နေတာဖမ်းတာကြောင့် ဖမ်းယူနားဆင်ရာမှာ အဆင်မပြေတာရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့နဲ့ မကြာမီ ရက်အနည်းငယ်အတွင်း Radio NUG ကို ပြန်လည်ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရက NUG ရေဒီယိုချန်နယ်ကို စတင်ထုတ်လွှင့်ပြီးနောက် ဈေးကွက်အတွင်း ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်ခဲ့ပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ရေဒီယိုတွေ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

Delta News

Read Previous

တောင်တွင်းကြီးက ဒလန်ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေ

Read Next

၄ရက်အတွင်း KNLA တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်