တောင်တွင်းကြီးက ဒလန်ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေ

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။

တောင်တွင်းကြီးမြို့ ရွှေအိုး (၁)ရပ်ကွက်မှာ ဩဂုတ်လ ၂၁ရက်နေ့ နံနက် ၈နာရီခန့်က ဒလန်လို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူးဖြစ်သူ ဦးဇော်လတ်ကို အမည်မသိ သေနတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သွားတာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးထဲ ဝင်ပြီးတော့ ပစ်သွားတာ ခေါင်းကိုတစ်ချက် ရင်ဘက်ကို နှစ်ချက် ပစ်သွားတာ၊ အဲ့မှာပဲ သေသွားတယ်၊

အဲ့လူက တပ်ထောက်ခံပွဲတွေဆို အမြဲဦးဆောင်လုပ်ပေးရတဲ့သူ၊ သတင်းပေးဒလန်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး မကြာခင်မှာ ယခုပစ်ခတ်မှုဟာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဗိသနိုးနယ်မြေ PDFက ထုတ်ပြန်ကြေညာခဲ့ပါတယ်။