မော်လိုက်မြို့ အခြေစိုက် စစ်အုပ်စု တပ်ရင်းတွေမှာ ကိုဗစ်ရောဂါဖြစ်ပွါးနေ

၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

မော်လိုက်မြို့အခြေအစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၄၊၃၆၅၊၃၆၆ တပ်ရင်း ၃ခုမှ ကိုဗစ်ရောဂါဖြစ်ပွါးသူတွေ များပြားနေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ခမရ ၃၆၅မှာ ကိုဗစ်ဖြစ်ပွါးသူ ပိုမိုများနေပြီး တပ်အားလုံးကို Lock down ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်ဖြစ်ပွါးနေတဲ့ စစ်သားတွေကို ဆေးဝါးကုသမှု သေချာစွာ လုပ်ဆောင်ပေးခြင်းမရှိဘဲ အစားအသောက်ပို့ဆောင်ပေးတာလောက်ပဲ ပံ့ပိုးပေးတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

တပ်တွင်းလုံခြုံရေးပါ အားနည်းလာတာကြောင့် စစ်သားမိသားစုဝင်တွေကိုပါ အလှည့်ကျ လုံခြုံရေးချထားတာတွေပါ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

Delta News

Read Previous

စစ်အုပ်စုက စစ်ရေးပိုမိုလှုပ်ရှားလာတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ

Read Next

ဟုမ္မလင်းမြို့နယ် ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ