ဟုမ္မလင်းမြို့နယ် ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

ဟုမ္မလင်းမြို့နယ် နောင်မိုးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမန်းတင်ကို ဩဂုတ်လ ၂၃ရက်နေ့ နံနက်ပိုင်းက အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးမန်းတင်ကို အမည်မသိသူနှစ်ဦးက ဩဂုတ်လ ၂၂ရက်နေ့ ညပိုင်းမှာ ဆိုင်ကယ်နဲ့ လာရောက်ခေါ်ဆောင်သွားပြီးနောက်

ဒီကနေ့ မနက်ပိုင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးမန်းတင်ကို သူပိုင်ဆိုင်တဲ့ ရွှေလုပ်ကွက်အတွင်းမှာ တွေ့ရှိရတာပဲဖြစ်ပါတယ်။

ဦမန်းတင်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေးတစ်ဦးလည်ဖြစ်ပြီး သူ့ကျေးရွာအုပ်စုအတွင်းက ပြည်သူတွေကို စစ်တပ်ကို သတင်းပေးကာ မကြာခဏ ဖမ်းဆီးခိုင်းလေ့ရှိသူပဲဖြစ်ပါတယ်။

Delta News Agency

Read Previous

မော်လိုက်မြို့ အခြေစိုက် စစ်အုပ်စု တပ်ရင်းတွေမှာ ကိုဗစ်ရောဂါဖြစ်ပွါးနေ

Read Next

ပန်ဆိုင်းဒေသမှာ ကိုးကန့်တပ်နဲ့ စစ်အုပ်စုတပ် တိုက်ပွဲတွေ ဆက်ဖြစ်နေ