ကောလင်းမြို့အဝင် စစ်အုပ်စုဂိတ် ဗုံးခွဲခံရ၊ ရဲ ၁ဦးနဲ့ စစ်သား ၁ဦးသေ

၉၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီ​နေ့ ဩဂုတ်လ ၁၀ရက်​နေ့ မနက် ၁၀နာရီ ဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကားကြီးကွင်းအနီး ကြူတောစစ်အုပ်စုဂိတ် ဗုံးခွဲခံရပြီး နှစ်ဦး သေ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး သေဆုံးခဲ့ပြီး မီးသတ်တစ်ဦးနဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံ​တွေက ဆိုပါတယ်။

 

“သေသွားတဲ့ ရဲတစ်ယောက်က ဒုရဲအုပ်လို့ သိရတယ်။ ကျန်တဲ့သူတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။ ဗုံးပစ်ပြီးတော့ သေနတ်နဲ့ ပစ်ခတ်တာမျိုးတွေလည်း ရှိတယ်။ ပစ်သွားတဲ့သူတွေကိုတော့ မမိဘူး ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပြီး​နောက် စစ်အုပ်စုတပ်​တွေဟာ လမ်းသွားလမ်းလာ​တွေကို စစ်ဆေးမှု​တွေလုပ်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Delta News

Read Previous

ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို KNU ထုတ်ပြန်

Read Next

စစ်အုပ်စုက ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ်သုံးနေလို့ အသက်ဆုံးရှုံးမှုတွေ များနေရတယ်လို့ KHRG ထုတ်ပြန်

Most Popular