နွေဦးထီရောင်းချမှုကို ယာယီရပ်နားမယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက စီစဉ်တဲ့
အောင်လံလွှင့်ချီ နွေဦးထီရောင်းချမှုကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စမ်းသပ်ကာလ ပထမအဆင့်အနေနဲ့ ဩဂုတ်လ ၁၈ရက်နဲ့ ၁၉ရက်နေ့တွေမှာ ပုံမှန်အတိုင်း ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပြီး ၂၀ရက်နေ့မှသာ ရပ်နားသွားမှာပါ။

ငွေပေးချေတဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေစေဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြန်လည်မြင့်တင်ဖို့ ယာယီရပ်နားတာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်ရောင်းပေးမယ်လို့ ဆိုပါတယ်။

နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့က စတင်ရောင်းချခဲ့ပြီး ရောင်းချတဲ့နေ့မှာပဲ တနာရီကျော်အတွင်း သတ်မှတ်ပမာဏပြည့်ကာ ရောင်းကုန်သွားခဲ့တာပါ။

ထီတစောင်ကို ၂၀၀၀ ကျပ်သတ်မှတ်ထားပြီး လူတဦးကို အနည်းဆုံး ၅စောင်ကနေ အစောင်၅၀အထိ ကံစမ်းနိုင်ပါတယ်။

နွေဦးထီရောင်းချရရှိငွေအားလုံးရဲ့ ၇၀ရာခိုင်နှုန်းကို CDM ပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီသွားဖြစ်ပြီး ၃၀ရာခိုင်နှုန်းကိုတော့ ဆုကြေးအဖြစ် ဖွင့်လှစ်ပေးးသွားမှာ ဖြစ်တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားပါတယ်။