အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးချိန်း ထပ်မံ​ရွေ့ဆိုင်း

၉၊ ဩဂုတ်လ၊ ၂၀၂၁။

အပတ်စဉ် နေပြည်တော်မှာပြုလုပ်​နေတဲ့ ​နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ​ဒေါက်တာမျိုး​အောင်တို့ တရားစွဲခံထားရတဲ့ အမှု​တွေအတွက် ရုံးချိန်းကို ဒီ​နေ့မှာလည်း ထပ်မံ​ရွေ့ဆိုင်းလိုက်တယ်လို့ ​ရှေ့​နေအဖွဲ့က ​​ပြောပါတယ်။

ကိုဗစ်ကပ်​ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်းစစ်အုပ်စုက ထပ်တိုးသတ်မှတ်လိုက်တဲ့ အများပြည်သူရုံးပိတ်ရက်​ကြောင့် သြဂုတ်လ(၉)ရက်နေ့နဲ့ (၁၀)ရက်နေ့တို့မှာကြားနာဖို့ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်းကို ​ထပ်ရွေ့ဆိုင်းလိုက်တာ​ပါ။

 

ဒါ့​ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ရှေ့နေ​တွေ ​တွေ့ခွင့်မရတာ သီတင်းပတ်​လေးပတ်ရှိလာပြီ ဖြစ်ပါတယ်။ ​

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှု(၆)မှု ရှိပြီး အဲဒါ​တွေက​တော့ သဘာဝဘေး အန္တရာယ်ဆိုင် ရာစီမံ ခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)နဲ့ နှစ်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ၊ ဆက်သွယ်ရေးဥပဒပုဒ်မ (၆၇) နဲ့ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေ ၃(၁)(ဂ) တို့ဖြစ်ပြီး အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ( ၅၅)နဲ့လည်း အမှုဖွင့်ခံထားရပါတယ်။

 

သမ္မတဦး၀င်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုထားပြီး ဒေါက်တာမျိုးအောင်ကို​တော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ နဲ့လည်း အမှုဖွင့်ထားတာဖြစ်ပါတယ်။