မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေက လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

၂၇ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Lloyd Austin က အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆက်ပြီးဖိအားပေးတောင်းဆိုဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ်

အကြမ်းဖက်ရက်စက်မှုတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး စစ်အုပ်စုလက်ချက်ကြောင့် ၆လအတွင်း သေဆုံးသူ ၉၃၀ကျော် ရှိလာပါပြီ။

“မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လေးစားဖို့နဲ့ ပြည်သူတွေရဲ့ အခြေခံအကျဆုံး ရှင်သန်ရပ်တည်ရေးကို ကာကွယ်ဖို့ ငြင်းပယ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာပဲ ၊စစ်တပ်ဆိုတာ ပြည်သူအတွက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်” လို့ Austin က ဒီနေ့ စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့တာပါ။

ဧပြီလက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးညီလာခံအပြီး ရလဒ်အရ ဘုံသဘောတူညီချက် ၅ချက်အကောင်အထည်ဖော်ရေးအပါအဝင်

အာဆီယံအနေနဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အားထုတ်ဖြေရှင်းဖို့ Austin က တောင်းဆိုခဲ့ပါတယ်။

Austin ဟာ ကာကွယ်ရေးဝန်ကြီးရာထူးနဲ့ ဒုတိယမြောက် အရှေ့တောင်အာရှ ခရီးစဉ် ထွက်ခွာလာတာဖြစ်ပြီး စင်ကာပူကနေတဆင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို ဆက်သွားမှာ ဖြစ်ပါတယ်။

Ref – AP