ယုဇနဥယျာဉ်မြို့တော်မှာ ဒလန်တစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေ

၂၆ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ရန်ကုန်တိုင်း ယုဇနယျာဉ်မြို့တော် ၁၅လမ်း Aမှာ ဩဂုတ်လ ၂၆ရက်နေ့ ညနေပိုင်းက ဒလန်လို့ နာမည်ကြီးနေသူ ကြံဖွံပါတီဝင် ကြေးမုံသတင်းစာ သတင်းထောက် ရဲကြီးဆိုသူကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။

“ဒလန်ကောင် ရပ်ကွက်ထဲမှာ ဟိုလူ့ချောက်ချ ဒီလူ့ချောက်ချနဲ့ လုပ်နေတာ၊ သံပုံးတီးတဲ့ အိမ်တွေကို လက်ညိုးထိုးပြီး တက်ဖမ်းခိုင်းလို့ အမေတောင် တစ်ခါ အဖမ်းခံရလို့ ဟိုကောင်တွေကို မသထာရေစာ ပေးခဲ့ရတယ်၊ ဖြစ်သင့်နေတာကြာပြီ”လို့ ယုဇနဥယျာဉ်မြို့တော်နေသူတစ်ဦးက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အခု ဒလန်သုတ်သင်မှုဟာ Yangon Revolution Group (YRG) အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Yangon Revolution Group (YRG) က ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Delta News

Read Previous

ရွှေကူမြို့မှာ ပြည်သူတွေကို ဧရာဝတီမြစ်ကမ်းနား မသွားဖို့ စစ်အုပ်စု အမိန့်ထုတ်

Read Next

မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ