ရွှေကူမြို့မှာ ပြည်သူတွေကို ဧရာဝတီမြစ်ကမ်းနား မသွားဖို့ စစ်အုပ်စု အမိန့်ထုတ်

၂၆ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ မကြာခဏ အပစ်ခံရလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာနဲ့ အနီးကျေးရွာက

ပြည်သူတွေကို ဩဂုတ်လ ၂၇ရက်နေ့ကနေ ၂၉ရက်နေ့အထိ ဧရာဝတီမြစ်ကမ်းပါးကို မသွားရောက်ဖို့ စစ်အုပ်စုက ကျေးရွာတွေအတွင်း လိုက်လံ အမိန့်ပေးကြေညာခဲ့ပါတယ်။

“ရွာထဲလာအမိန့်ပေးသွားတယ်၊ ဒီရက်ထဲ မြစ်ကမ်းဘေးမသွားဖို့ သွားရင် အပစ်ခံရမယ်ဆိုပြီး အမိန့်ပေးသွားတယ်၊ သူတို့စစ်သင်္ဘောတွေကို KIAက ဒီနားတဝိုက်မှာ စောင့်ပြီး ပစ်နေကျ ဒီရက်ထဲ သူတို့ စစ်သင်္ဘောတွေ ဖြတ်ဖို့ရှိတယ် ထင်တယ်၊ အဲ့ဒါကြောင့် အခုလို လိုက်ပြောနေတာဖြစ်မယ်”လို့ ရွှေကူမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေကူမြို့အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်င်္ဘောတွေကို KIAက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိပြီး စစ်အုပ်စုအနေနဲ့ ထိခိုက်မှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။