ပူတာအိုမှာ အကြမ်းစစ်အုပ်စုနဲ့ KIA၊PDF တို့ပူပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

၂၆ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

KIA အမှတ် (၇) တပ်ရင်းထိန်းချုပ်နယ်မြေဖြစ်တဲ့ ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၆ရက်နေ့ ညနေ ၄နာရီခန့်က ကျူးကျော်ဝင်ရောက်လာခဲ့တာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

KIA တပ်စခန်းအနီးကို ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KIAနဲ့PDFတို့ ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲအတွင်းမှာ KIAနဲ့PDFတို့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိခဲ့တယ်လို့ သိရပေမယ့် သီခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။