မြန်မာနိုင်ငံအ​ခြေအ​နေပိုဆိုးလာ​နေတယ်လို့ အ​မေရိကန်ထိပ်တန်းအရာရှိ​ သတိ​ပေး

မြန်မာ၉ ၊ ဇွန်လ ၊ ၂၀၂၁ ။

စစ်အုပ်ချုပ်​ရေးလက်​အောက်မှာ မြန်မာနိုင်ငံရဲ့ အ​ခြေအ​နေဟာ အင်မတန်စိုးရိမ်စရာ​ကောင်းပြီး တဖြည်းဖြည်း ပိုဆိုးလာ​နေတယ်လို့ အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အင်ဒို – ပစိဖိတ်​ဒေသဆိုင်ရာ မူဝါဒ ​စေ့စပ်ညှိနှိုင်း​ရေးအရာရှိ Kurt Campbell က ​သတိ​ပေးလိုက်ပါတယ်။

“ပဋိပက္ခ​တွေ ဆက်တိုက်မြင့်တက်​နေတယ်ဆိုတာ ငြင်းလို့မရတဲ့ အ​ခြေအ​နေပါ” လို့ ဇွန်လ ၈ရက်​နေ့က ပြုလုပ်တဲ့ အွန်လိုင်း​ဆွေး​နွေးပွဲတခုမှာ သူက ​ပြောခဲ့တာပါ။

​ဖေ​ဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီး​နောက် မြန်မာတစ်နိုင်ငံလုံးမှာ ​​နေ့စဥ် ဆန္ဒပြပွဲ​တွေ​အပြင် အာဏာသိမ်း စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေအကြား တိုက်ပွဲ​တွေ ပြင်းထန်နေပါတယ်။

လက်ရှိကယားပြည်နယ်တွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားလက်လွတ်တိုက်ခိုက်မှု​တွေ အပါအဝင် တိုက်ပွဲ​တွေ​ကြောင့် လူတစ်သိန်းခန့် ​အိုးအိမ်စွန့်ခွာ ထွက်​ပြေး​နေကြရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ရက်​နေ့မှာ ထုတ်ပြန်​ကြေညာခဲ့ပါတယ်။

စစ်တပ်ပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ အင်တာဗျူးတခုမှာ အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​​အောင်လှိုင်ဟာ အခုလို လူထုမငြိမ်သက်မှု​​တွေကို ကြိုတင်မ​မျှော်မှန်းခဲ့ဘူးလို့ ဝန်ခံခဲ့တယ်ဆိုတာကို Kurt Campbell က မှတ်ချက်ပြုခဲ့ပါတယ်။

အ​မေရိကန်အစိုးရအ​နေနဲ့ မြန်မာနိုင်ငံ ဒီမိုက​ရေစီ ပြန်လည်အသက်ဝင်​ရေး ဝိုင်းဝန်းကြိုးပမ်း​နေကြတဲ့ အာဆီယံအပါအဝင် အခြားအဖွဲ့အစည်း​တွေရဲ့ အားထုတ်မှုကို ​ထောက်ခံ​တယ်လို့လည်း သူက ​ပြောခဲ့ပါတယ်။

Ref – Reuters