နေ့စဉ် Online စနစ်နဲ့ ငွေပေးချေမှုတွေကို စစ်အုပ်စုစောင့်ကြည့်

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က နွေဦးထီကို စတင်ရောင်းချပြီးနောက်မှာ Online စနစ်နဲ့ ငွေပေးချေမှုတွေကို ဘဏ်နဲ့ငွေကြေးအဖွဲ့အစည်းတွေအားလုံးက ကြပ်မတ်စစ်ဆေးပြီး စောင့်ကြည့်သွားဖို့ အကြမ်းဖက်စစ်အုပ်စုက လျှို့ဝှက်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ငွေပေးပို့သူ ငွေလက်ခံသူတွေကို သေချာစွာစောင့်ကြည့်ပြီးတော့ ဘာ့ကြောင့်ငွေပေးချေရတဲ့အကြောင်းအရင်းကိုပါ စိစစ်သွားပြီး ပြည်သူတွေအနေနဲ့ နွေဦးထီကို ကံစမ်းအားပေးခြင်းမပြုနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။

 

အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့အောင်ဘာလေထီကို ထီထိုးကံစမ်းသူမရှိဖြစ်ပေါ်ချိန်မှာ နွေဦးထီဟာ ရောင်းချချိန်နာရီပိုင်းအတွင်းမှာပဲ သတ်မှတ်ရောင်းချလိုတဲ့ ပမာဏအပြည့် ရောင်းချနိုင်သည့် အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

Delta News Agency

Read Previous

ဘိုကလေး လျှပ်စစ်ရုံးရှေ့မှာ ဗုံးသုံးလုံးတွေ့

Read Next

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌ ကိုဗစ်ကူးစက်ခံနေရ