ဘိုကလေး လျှပ်စစ်ရုံးရှေ့မှာ ဗုံးသုံးလုံးတွေ့

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊ဘိုကလေးမြို့ အမှတ် ၅ ရပ်ကွက်၊ရာကျော်လမ်းမှာရှိတဲ့ လျှပ်စစ်ရုံးရှေ့မှာ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲကျော်က လက်လုပ်ဗုံးသုံးလုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လျှပ်စစ်ရုံးက ဝန်ထမ်းတစ်ဦး အမှိုက်ထွက်သွန်ရင်းဗုံးတွေကိုတွေ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

လက်ရှိမှာရဲတွေနဲ့ စစ်သားတွေ လျှပ်စစ်ရုံးရှေ့ကိုရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။