ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၅ဦးသေဆုံး

၂၆ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၆ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။
 
ဒီနေ့ကွယ်လွန်သူ၅ဦးလုံးနေအိမ်တွေကကိုဗစ်လူနာတွေဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၉၈)ဦးအပါအ၀င် စုစုပေါင်း (၁၁၀၈)ဦးထိရှိလာပြီ ဖြစ်ပါတယ်။