အများပြည်သူ အလုပ်ပိတ်ရက် ၁၀ရက်ထပ်တိုး

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။

ကိုဗစ်ရောဂါ ကူးစက်မှုကို ရပ်တန့်နိုင်ဖို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက အများပြည်သူ အလုပ်ပိတ်ရက်ကို စက်တင်ဘာလ ၁၀ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်မှုမှာ ထူးခြားအခြေအနေအရ ဘဏ်လုပ်ငန်းတွေတော့ ပါဝင်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုဟာ အလုပ်ပိတ်ရက်တွေကို ၆ကြိမ်အထိ အကြိမ်ကြိမ် ထပ်တိုးသတ်မှတ်လာနေခဲ့ပေမဲ့ အခြေခံပြည်သူတွေကို ပြည်သူ့အစိုးရလက်ထက်တုန်းကလို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခြင်းမရှိတာက အခြေခံပြည်သူတွေအတွက် စားဝတ်နေရေးတွေပါ ခက်ခဲလာခဲ့ပါတယ်။

ဒါ့အပြင် လိုအပ်နေတဲ့ပြည်သူတွေကို လှူဒါန်းနေတဲ့ ပရဟိတအဖွဲ့တွေကိုပါ ပိတ်ပင် ဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့ပြီး စစ်အုပ်စုနဲ့ သူတို့အပေါင်းပါကတွေကတော့ မြို့နယ်အချို့မှာ တန်ဖိုးနည်းရောင်းချပေးတယ်ဆိုကာ အလကားရရှိတဲ့ ဆန်၊ဆီ၊ဆားရိက္ခာတွေကို စျေးကွက်ပေါက်စျေးနဲ့နီးပါးနဲ့ လိုက်လံရောင်းချမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။