ရန်ကုန်မြို့ရဲ့ နေရာအများအပြားမှာ စစ်အုပ်စုက ဒရုန်းတွေလွှတ်တင်ထား

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ဒီကနေ့ ဩဂုတ်လ ၃၀ရက်နေ့ ညပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ဗဟန်း၊အလုံ၊ လှိုင်သာယာ၊ တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်းနဲ့ မြို့နယ်အချို့မှာ ဒရုန်းတွေ လွှတ်တင်ထားပြီး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။

“၇နာရီလောက်ထဲက တစ်စင်းပြီးတစ်စင်း လာနေတာတွေ့တယ်၊ ဒီကောင်တွေ စောင့်ကြည့်နေတာ၊ မပေါ့ဆဘဲ

သတိထားကြဖို့ Facebook တွေပေါ်မှာ သတိပေးတာတွေတော့ လုပ်နေတယ်”လို့ အလုံမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့အတွင်းမှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုတွေ နေရာအများအပြားမှာ ဖြစ်ပွါးခဲ့ပြီးနောက် အခုလို ဒရုန်းတွေ လွှတ်တင်ထားတာပဲဖြစ်ပါတယ်။