DNAရဲ့ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်အုပ်စုက ဖမ်းဆီးထား

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

Delta News Agency ရဲ့ ဖျာပုံမြို့အခြေစိုက် သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၃၀ရက်နေ့မှာ ဖမ်းဆီးသွားကြောင်း သိရပါတယ်။

စစ်ဆေးမေးမြန်းစရာရှိတယ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး ဘာ့ကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရှိရသေးပါဘူး။

 

ကိုမျိုးစံစိုးဟာ ၂၀၁၉ခုနှစ်မှ စတင်ကာ Delta News Agency ရဲ့ ဖျာပုံမြို့အခြေစိုက် သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်း မတ်လ၁ရက်နေ့မှ စတင်ကာ ဒေသတွင်း သတင်းထောက်တွေရဲ့ လုံခြုံရေးကြောင့် တာဝန်မှ ရပ်နားခဲ့သူပဲဖြစ်ပါတယ်။

ကိုမျိုးစံစိုးကို ဘာ့ကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကို Delta News Agency အနေနဲ့ သိရှိနိုင်ဖို့အတွက် မိသားစုဝင်တွေကို ဆက်သွယ်ရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။

Delta News Agency

Read Previous

ရန်ကုန်မြို့ရဲ့ နေရာအများအပြားမှာ စစ်အုပ်စုက ဒရုန်းတွေလွှတ်တင်ထား

Read Next

မုံကိုးမှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေ