မုံကိုးမှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

မုံကိုးမြို့နယ် နော့ဂိုကျေးရွာမှာ ဒီကနေ့ ဩဂုတ်လ ၃၁ရက်နေ့ နံနက် ၇နာရီခန့်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ကိုးကန့် (MMDAA)အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။

ဩဂုတ်လ ၂၈ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စု ရာနဲ့ချီသေဆုံးပြီးနောက်မှာ ပြန်လည်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။

 

မနက်ပိုင်းက စတင်ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဟာ ယခုနေ့လည်ပိုင်းအချိန်ထိ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာသူတွေ ရှိမရှိကိုတော့ မသိရှိရသေးဘဲ ဒေသခံအများစုကတော့ စစ်ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပါတယ်။
(ဓာတ်ပုံ-မုံကိုးတိုက်ပွဲအတွင်း စစ်အုပ်စုရဲ့လက်နက်တွေကို သိမ်းဆည်းရမိသည့် ပုံအဟောင်း)

Delta News Agency

Read Previous

DNAရဲ့ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်အုပ်စုက ဖမ်းဆီးထား

Read Next

ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်သေ

Most Popular