စစ်အုပ်စုရဲ့ တပ်ရင်း (၅၂၅)အကုန်နီးကျခဲ့တဲ့ မုံးကိုးကို တပ်ရင်း (၁၂)က စစ်ကြောင်းထပ်ထိုး

၂၉၊ ဩဂုတ်လ ၊၂၀၂၁။

ဩဂုတ်လ ၂၈ရက်နေ့ ညပိုင်းက မုံးကိုးမြို့နယ် မန်ခွမ်နဲ့ မိန်ပိန်းကျေးရွာကြားကနေ KIAနဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ရင်း (၅၂၅)ဟာ တပ်ရင်းမှူး နှစ်ဦးအပါအဝင် တပ်ရင်းတစ်ခုလုံးနီးပါး သေသွားပြီးနောက် ဒီကနေ့ ဩဂုတ်လ ၂၉ရက်နေ့ မနက်ပိုင်းမှာလည်း တပ်ရင်း (၁၂)က စစ်ကြောင်းထိုး ထပ်မံ ဝင်ရောက်လာ ခဲ့ပါတယ်။

“မနက်က ၆နာရီလောက်ထဲက စပစ်ကြတာ နှစ်နာရီလောက် ပစ်ခတ်မှုဖြစ်တယ်၊ အခုခဏငြိမ်သွားတယ် တပ်ရင်း ၁၂က ထပ်ပြီးတော့ စစ်ကြောင်းချီလာလို့ KIAနဲ့ MNDAA ပူးပေါင်းအဖွဲ့က ပြန်ပစ်တာ၊ မနေ့ကလည်း သူတို့ဖက်က

တပ်ရင်း (၅၂၅)က စစ်ကြောင်းချီလာသေးတာကို KIAနဲ့ MNDAAက ခုခံပြီး ပြန်ပစ်တာ တပ်ရင်းတစ်ခုလုံးနီးနီး အကုန်ကုန်သွားတယ် တပ်ရင်းမှူးနှစ်ယောက်လည်း တစ်ခါထဲ သေသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းကလည်း လက်နက်ကြီးတွေနဲ့ ပြည်သူတွေနေထိုင်နေတဲ့ ကျေးရွာတွေကို ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နမ့်ဖာကျေးရွာက ပြည်သူသုံးဦးဟာ လက်နက်ကြီး ထိမှန် ကွယ်လွန်ခဲ့ရပါတယ်။
ဓာတ်ပုံ- Kachinwaves

Delta News Agency

Read Previous

ကုလသမဂ္ဂမှာ NUG အစိုးရကို အသိအမှတ်ပြုရေး အမေရိကန်ရောက် မြန်မာတွေရဲ့ လှုပ်ရှားမှု

Read Next

လှိုင်မြို့နယ်က ဒလန်ချဲဒိုင် လင်မယား သေနတ်နဲ့အပစ်ခံရပြီး တစ်ဦးသေ