ကုလသမဂ္ဂမှာ NUG အစိုးရကို အသိအမှတ်ပြုရေး အမေရိကန်ရောက် မြန်မာတွေရဲ့ လှုပ်ရှားမှု

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

NUG အစိုးရကိုအသိအမှတ်ပြုရေးနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ရှုံချကြဖို့ လှုပ်ရှားမှိုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဩဂုတ်လ ရက်နေ့ နေ့လည်ပိုင်းက နယူးယောက်မြို့တော်က NYC Flatiron Plaza မှာ NYCBC အဖွဲ့က ဦးဆောင်ပြီး အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေ စုပေါင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ NUG အစိုးရတို့ဟာ တရားဝင်အသိအမှတ်ပြု ခံရရေးအတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

မနေ့က ဆန္ဒပြပွဲမှာ အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းကြောင့် အလူးအလဲခံစားနေရဆဲ ပြည်သူတွေအတွက် အသံတိတ်သရုပ်ဖော်မှုတစ်ခုကိုလည်းပြုလုပ်ခဲ့ကြပါတယ်။

လာမည် စက်တင်ဘာလ ၁၂ရက်နေ့မှာလည်း အမေရိကန်ပြည်ထောင်စုတဝှမ်းမှ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံစုစည်းကာ နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ရုံးချုပ်ရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အတည်ပြုရေးနဲ့ NUG အစိုးရထောက်ခံချီတက်ပွဲကို ကြီးမားကျယ်ပြန့်စွာဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Photo Credit – Kyaw Soe Latt