
လျော်ကြေးကို နစ်နာသူ ရိုဟင်ဂျာတွေကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်းခံနိုင်ပြီး လက်ရှိမှာ လျော်ကြေးပမာဏ အတိအကျကိုတော့ တောင်းဆိုခဲ့တာ မရှိဘူးလို့ တရားရုံးက ဆိုပါတယ်။
၁၉၊ နိုဝင်ဘာ
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက် ဒီနေ့ စီရင်ချက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
တရားသူကြီး ၁၅ ဦးထဲက ကိုးဦးက မဲခွဲဆုံးဖြတ်ခဲ့တဲ့ အဆိုပါ အမိန့်မှာ မြန်မာနိုင်ငံအနေနဲ့ထိခိုက်နစ်နာခဲ့တဲ့ ရိုဟင်ဂျာတွေကို ၂ နှစ်အတွင်း လျော်ကြေးပေးရမယ်လို့ ICJ ဥက္ကဋ္ဌတရားသူကြီး ယူဂျီ အီဝါဆာဝါက ဖတ်ကြားခဲ့ပါတယ်။
လျော်ကြေးကို နစ်နာသူ ရိုဟင်ဂျာတွေကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်းခံနိုင်ပြီး လက်ရှိမှာ လျော်ကြေးပမာဏ အတိအကျကိုတော့ တောင်းဆိုခဲ့တာ မရှိဘူးလို့ တရားရုံးက ဆိုပါတယ်။
ရရှိလာမယ့် လျော်ကြေးတွေကို နစ်နာသူတွေနဲ့ ရိုဟင်ဂျာတွေအတွက် အချိုးကျ ခွဲဝေပေးရမှာ ဖြစ်သလို ထိခိုက်နစ်နာခဲ့သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက်လည်း မြန်မာဘက်က တာဝန်ယူရမယ်လို့ အမိန့်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ကိုယ်စားပြုပြီး ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် ချိုးဖောက်မှုနဲ့မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့ပြီး ၂၀၂၀ ကြားဖြတ်အမိန့်တွေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီနှစ်ဖက်ကြားနာမှုတွေအပြီး အခု အပြီးသတ်စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခု အပြီးသတ်စီရင်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအနေနဲ့ ၂ နှစ်အတွင်းလျော်ကြေးပေးအပ်မှုနဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာ အကောင်အထည်ဖော်မှုတွေကိုနိုင်ငံတကာက စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။