ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်သေ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

ပေါက်မြို့နယ် ဒိန်းကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းနဲ့ ၁၀မိုင်ခန့်အကွာမှာ ဩဂုတ်လ ၃၀ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ယာဥ်တန်းကို ပေါက် PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)လောက် သေဆုံးခဲ့တယ်လို့ ပေါက် PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောဆိုခဲ့ပါတယ်။

“သူတို့ ဆင်းလာတယ်ဆိုတာကြားလို့ ကျွန်တော်တို့ကသွားပြီး မိုင်းဆွဲခဲ့တာပါ၊ စကစတွေ တစ်ရာလောက် သေတယ်၊ အတိအကျတော့ မသိရသေးဘူးပေါ့။ အလောင်းတောင် မကောက်နိုင်လို့ အဲဒီနားက ဇရပ်မှာ အခုချိန်ထိ စုပုံထားခဲ့တယ်ဗျ။ ကျွန်တော်တို့ဘက်ကလည်း

အကျအဆုံး နည်းနည်းတော့ရှိတယ်။ ကျွန်တော်တို့ ဆိုင်ကယ်တွေလည်း ကျန်ခဲ့တယ်။ အကုန် ခြေလျင်ပြန်ဆုတ်ခဲ့ရတယ်ဗျ” လို့ အမည်မဖော်လိုတဲ့ ပေါက် PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးသူတွေကို နွားလှည်းတွေ၊ ထော်လာဂျီတွေနဲ့ သယ်ဆောင်သွားခဲ့ရတယ်လို့ ဒေသခံတွေက အတည်ပြုခဲ့ကြပါတယ်။
Source-ရွှေဖီမြေ

Delta News Agency

Read Previous

မုံကိုးမှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေ

Read Next

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲတစ်ရာကျော်ဖြစ်