ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲတစ်ရာကျော်ဖြစ်

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

ဩဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅)တို့ တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်က ၁၁၈ဦး သေဆုံးကာ ၆၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUရဲ့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

KNLA တပ်မဟာ (၅)ဘက်ကတော့ ကျဆုံးခဲ့သူ မရှိဘဲ ၅ဦးသာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် မူတြော်ခရိုင်အတွင်းက ဒေသခံတွေရဲ့ လယ်ယာ ဥယျာဉ်ခြံမြေထဲကို လက်နက်ကြီး အလုံးပေါင်း ၁၀၀ကျော် ကျရောက်ခဲ့ပြီး နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ဒေသခံပြည်သူ ၃ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် တစ်ဦးအသက်ဆုံးပါးခဲ့ရတယ်လို့ မူတြော်ခရိုင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လေယာဉ်တွေနဲ့ မူတြော်ခရိုင်အတွင်းကို လာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုသွားလာ နေထိုင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းညွှန်ကြားထားခဲ့ပါတယ်။

Delta News Agency

Read Previous

ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်သေ

Read Next

ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ