ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ 

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

ကန်ကြီးထောင့်မြို့က ဒလန်လို့ နာမည်ကြီးနေတဲ့ ကိုမောင်မြင့်ဆို သူသေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း ကန်ကြီးထောင့်နဲ့ပုသိမ်မြို့မှာ လူငယ်တွေအဖမ်းခံရတာပိုများလာတယ်လို့သိရပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ မနက် ၆နာရီလောက်က ကန်ကြီးထောင့်မြို့ ဥယာဥ်စု ရပ်ကွက်မှာနေထိုင်တဲ့ ဒလန်မောင်မြင့် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မြို့ပေါ်မှာနေထိုင်တဲ့ အမျိုးသား၂ဦးနဲ့အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သြဂုတ်လ၃၀ရက်နေ့က ကန်ကြီးထောင်မြို့ပေါ်ကအမျိုးသားတစ်ဦးနဲ့ပိတောက်ပင်ကျေးရွာက အမျိုးသား၃ဦး၊အမျိုးသမီး၂ဦးနဲ့ မွေးခင်းစကလေးငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားပြီးခုထိအဆက်သွယ်မရသေးဘူးလို့သိရပါတယ်။

 

ဒါ့အပြင်ပုသိမ်မြို့မှာ သြဂုတ်၃၀နေ့လည်ပိုင်းက ရှောပြာကျေးရွာကို အိမ်စီးကားအရပ်၀တ်တွေနဲ့၀င်ရောက်ကာ လူငယ်၂ဦးကိုရိုက်နှက်ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ကျေးရွာဒေသခံတွေကပြောပါတယ်။

မနေ့က ညပိုင်းမှာလဲ စစ်အုပ်စုက ကန်ကြီးထောင့်မြို့ပေါ်ရပ်ကွက်တွေမှာ ၀င်ရောက်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ကာ တချို့ကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

လက်ရှိမှာကန်ကြီးထောင့်မြို့နယ်မှာ ဒလန်အသတ်ခံရတာနဲ့ပတ်သတ်ပြီးဖမ်းဆီးခံရသူ၁၁ဦးနဲ့ ပုသိမ်မြို့က အနည်းဆုံး၃ဦး ခန့်ဖမ်းဆီးခံထားရတယ်လို့ သိရပြီး မိသားစုတွေဟာ အခုထိအဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။

Delta News Agency

Read Previous

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲတစ်ရာကျော်ဖြစ်

Read Next

ကိုဗစ်နဲ့သေဆုံးသူ ဆက်တိုက်ကျဆင်းလာတဲ့ ပုသိမ်မြို့