စစ်သင်တန်း မတက်လိုတာ ကြောင့် အရံ မီးသတ် တပ်ဖွဲ့ဝင် အချို့ နုတ်ထွက် ထွက်ပြေး

ဖေဖော်ဝါရီ၊ ၂၇

ဧရာဝတီတိုင်း ၊ပုသိမ်မြို့က  အရံမီးသတ် အဖွဲ့ဝင် အချို့ဟာ စစ်ကောင်စီရဲ့ စစ်သင်တန်း ကို မတက် ရောက် လိုတာကြောင့် မီးသတ် တပ်ဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက် ကာ ထွက်ပြေး ကြ တယ်လို့ မီးသတ်တပ်ဖွဲ့ နဲ့ နီးစပ်တဲ့သူတွေ ထံက သိရ တယ်။

အနောက်တောင်တိုင်း စစ်ဌာန ချုပ် လက်အောက်ခံ ပုသိမ်မြို့ အခြေစိုက် (ခလရ) ၂၇၁ ခြေလျှင် တပ် ရင်း မှာ ဖေဖေါ်ဝါရီလ ဒုတိယပတ် ကစပြီး ရပ်ကွက်အလိုက် အပတ်စဉ် သင်တန်းပေးနေတဲ့ လက်နက်ငယ် စစ် သင်တန်း ကို မတက် ရောက် လိုတာကြောင့် သင်တန်းသား ၂၀ ခန့် ထွက်ပြေးပြီး သင်တန်း မတက်ရသေးတဲ့  အရံ တပ် ဖွဲ့ ဝင် အချို့က နုတ်ထွက်ကုန်ကြတာပါ။

“တပ်ထဲမှာ သွားနေပြီး  ကိုယ့်ရိက္ခာနဲ့ကိုယ် စားတက်ရတာ ။ကျွေးတော့ ဆန်ကြမ်း တာလဖေါဟင်း နဲ့ ဝက်မစား ငပိ နေလှန်းကျော် ကျွေးတယ်။ပဲဟင်းတောင် မကျွေးဘူး သိရတယ်။ပြီးတော့ လိုအပ်ရင် စစ်တိုက်ပေးရမယ် ဆိုတော့ တပ်ထဲမဝင်ချင် ကြဘူး ။အချို့က သင်တန်းက ထွက်ပြေးတာ အမှတ် ၅ ရပ်ကွက် က အများဆုံးပဲ ” လို့ အုပ်ချုပ် ရေး အဖွဲ့ နဲ့နီးစပ်သူတစ်ဦး က DNA ကိုပြော ပါတယ်။ 

သင်တန်းသား၃၀ပါဝင်တဲ့တပတ်ကြာ သင်တန်းကနေ ငါးဦးထွက်ပြေးကြသလို နောက်တပတ်သင်တန်းတက်ဖို့စောင့်နေရတဲသူ၁၅ဦးခန့်ကလည်း နုတ်ထွက်တာ၊ထွက်ပြေးတာတွေရှိတယ်လို့လည်းပြောပါတယ်။

အမှတ် ၅ ရပ်ကွက် ၊ပန်းတင်ကုန်ရပ်း မီးရထားဝင်း အတွင်းမှာ စစ်ကောင်စီ က နေခွင့် ပြုထားတဲ့ တနယ်က ဈေး သည် မိသားစု တွေ နဲ့ ခိုးဆိုး လုနှိုက်သူတွေ အများစု နေထိုင်ပြီး အဲဒိရပ်ကွက် က နုတ်ထွက်ကြတဲ့ အရံမီးသတ် တပ်ဖွဲ့ဝင်တွေဟာ တပ်ထောက်ခံပွဲတွေကို အခကြေးငွေယူပြီး လိုက်ပါလှည့်လည် ကြသူတွေ အများစု ပါဝင်တယ် လို့ဆိုပါတယ်။

အရံမီးသတ် တပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်ထဲမှာ အိမ်ထောင်စုတစ်စုကို ရိက္ခာအတွက် ငါးထောင်ကျပ် စီကောက် ခံကာ သင်တန်း တက်ကြရတာ ဖြစ်ပြီး တက်ရောက်သူတွေ ကို လက်နက်ငယ် စစ်ပညာ ဖြစ်တဲ့ သေနတ် ကိုင် တွယ် ပစ်ခတ်တာ ဖြုတ်တာ တတ်တာ တိုက်ချွတ်တာ တွေ သင်ပေး တာလို့ သိရပါတယ်။

“ရပ်ကွက် အရံမီးသတ်အထဲက ထွက်သွားသူတွေ အချို့ရှိပါတယ် ။သူတို့က မီးသတ်တပ်ဖွဲ့ ရဲ့ တန်းစီ ညာညှိ အခြေခံ လက်နက်မဲ့ စစ်ပညာလောက်ပဲ တတ်ကြတာပါ ။ခုက လုံခြုံရေး အတွက် လက်နက်တပ်ဆင် တဲ့အခါအ ဆင်ပြေဖို့ သင်တန်းပေးတာပါ” လို့ စစ်မှုထမ်းဟောင်း တဦး ဖြစ်တဲ့ အရံမီးသတ်တပ်ဖွဲ့ရဲ့ အရာရှိငယ် တဦး ကပြောပါတယ်။

အနောက်တောင်တိုင်း စစ်ဌာချုပ် လက်အောက်ခံ ခလရ ၂၇၁ တပ်ရင်းဟာ ပုသိမ်လေဆိပ်ရှေ့ မှာရှိတဲ့ ပုသိမ် အခြေစိုက် တပ်ရင်း တရင်း ဖြစ်ပြီး အဓိက လုပ်ဆောင်ရတာကတော့ ဧရာဝတီတိုင်း ပင်လယ် ကမ်းရိုးတန်း ဒေသ စိုးမိုးရေး နဲ့ အကြမ်းဖက် ဖြိုခွင်းရေး တာဝန်တွေ ဖြစ်တယ် လို့ တပ်တွင်း သတင်း ရင်းမြစ်တွေ ထံက သိရပါတယ်။

စစ်ကောင်စီဟာ ပုသိမ်မြို့နယ် ရှိ ရပ်ကွက် ၊ကျေးရွာ ၇၅ အုပ်စု က တအုပ်စုကို ၁၀ ဦး နှုန်းနဲ့ ပြည့်သူစစ် (ပျူ စောထီး) တပ်ဖွဲ့ ဖွဲ့စည်းပြီး လက်နက်ငယ် စစ်သင်တန်းပေးကာ လက်နက် နဲ့ ယူနစ်ဖေါင်း တပ်ဆင်ဖို့ စီစဉ် နေ တယ်လို့ ဆက်သိရပါတယ်။

၂၀၂၂ နှစ်၊ နှစ်လယ်ပိုင်း က ကျုံ ပျော်မြို့ နယ် မှာ ကျေးလက် က လူငယ် တွေ ကို ပြည်သူစစ် အဖွဲ့(ပျူစောထီး) အဖွဲ့ထဲ အတင်းအကြပ် ထည့်ပြီး ကျုံပျော်မြို့ ခြေစိုက် ခလရ (၃၆) တပ်ရင်းမှာ စစ်သင်တန်းပေးဖို့ စစ်ကောင်စီ က စီစဉ် တာ မှာ လူငယ် ၃၀ ကျော် ထွက်ပြေးခဲ့ ဘူးပါတယ်။

၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ၁ရက် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်မှုတွေကို ရင်ဆိုင်ဖို့အင်အားမလုံလောက်မှုဖြစ်လာတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဟောင်းတွေ၊သူတို့ကိုထောက်ခံသူတွေ၊ ဒုစရိုက်သမားတွေကိုလက်နက်တပ်ဆင်ပးတာတွေနဲ့အင်အားဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။

Photo – CJ