ကိုဗစ်နဲ့သေဆုံးသူ ဆက်တိုက်ကျဆင်းလာတဲ့ ပုသိမ်မြို့

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၃၁ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၁ဦးနဲ့ နေအိမ်တွေမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ၄ဦးရှိခဲ့ပါတယ်။

 

ဩဂုတ်လ ၁၅ရက်နေ့ နောက်ပိုင်းက စတင်ကာ ပုသိမ်မြို့မှာ ကိုဗစ်နဲ့သေဆုံးသူဟာ နေ့စဉ် ၁၀ဦးနဲ့ အောက်ကို ရောက်ရှိလာခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၃၂၂)ဦးအပါအ၀င် စုစုပေါင်း (၁၁၃၂)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ 

Read Next

ရောင်းရငွေရဲ့ ၇၀ရာခိုင်နှုန်းကို ဆုငွေပေးမဲ့ စစ်အုပ်စုရဲ့ထီမှာ သိန်း၅ထောင်အမြင့်ဆုံးဆုတစ်ခုသာပါဝင်