ရောင်းရငွေရဲ့ ၇၀ရာခိုင်နှုန်းကို ဆုငွေပေးမဲ့ စစ်အုပ်စုရဲ့ထီမှာ သိန်း၅ထောင်အမြင့်ဆုံးဆုတစ်ခုသာပါဝင်

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ရောင်းချနေတဲ့ အောင်ဘာလေထီကို ပြည်သူတွေက အယုံအကြည်မရှိဘဲ ဝယ်ယူကံစမ်းခြင်းမရှိတာကြောင့် အခုလကစတင်ပြီးတော့ ထီဆုကြေးချီးမြှင့်ငွေကို ယခင်ကရောင်းချရငွေ စုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်းကိုသာ ဆုငွေသတ်မှတ်ထုတ်ပေးရာကနေ ၇၀ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့ပေမဲ့ အမြင့်ဆုံးဆုအဖြစ်ဟာ ကျပ်သိန်း ငါးထောင်ဆု တစ်ဆုသာ ပါဝင်ခဲ့ပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ ကျပ်သိန်းတစ်သောင်းခွဲအမြင့်ဆုံးဆုနဲ့ ကျပ်သိန်းတစ်သောင်းဆု ကျပ်သိန်းငါးထောင်ဆုတွေ များစွာဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ အောင်ဘာလေထီဟာ

အကြမ်းဖက်စစ်အုပ်စုလက်ထက်မှာ လုံးဝကျဆင်းပြိုလဲသွားခဲ့ရပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မထိုးမနေရနဲ့ ရောင်းချနေတာတောင်မှ အခုလို ရောင်းအားမရှိဘဲ ဆုကြေးငွေတွေ ကျဆင်းခဲ့ရတာပဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ဥပဒေအရ အောင်ဘာလေထီကို ဖျက်သိမ်းခဲ့ပြီးနောက် အစားထိုးအဖြစ် အောင်လံလွှင့်ချီ နွေဦးထီကို ရောင်းချပေးနေပါတယ်။ အောင်လံလွှင့်ချီနွေဦးထီဟာ ရောင်းချချိန်နာရီပိုင်းအတွင်းမှာပဲ သတ်မှတ်အစောင်ရေကို ပြည့်မှီခဲ့တဲ့အတွက် ထီရောင်းချခြင်းကိုပါ ယာယီရပ်နားထားရပါတယ်။