ရေစကြိုမြို့က ဒလန်စုရပ် လက်ဖက်ရည်ဆိုင် ဗုံးပေါက်

၃၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ရေစကြိုမြို့က ဒလန်တွေရဲ့ စုရပ်တစ်ခုဖြစ်တဲ့ နေရှင်နယ် လက်ဖက်ရည်ဆိုင်အတွင်းမှာ ဩဂုတ်လ ၃၁ရက်နေ့ မနက် ၉နာရီခန့်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။
“ဆိုင်ရှင်လည်း ဒလန်ပဲ၊ သပိတ်စစ်ကြောင်းတွေရော တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေရော တပ်ကိုပေးနေတာ၊ သူ့ဆိုင်မှာက ပြည်သူတွေ ထိုင်တာနည်းတယ်၊ ပျူစောထီးတွေ ကြံဖွံကကောင်တွေ ရဲတွေပဲထိုင်တာ၊ ပေါက်တဲ့အချိန် လူရှင်းတာရော ဗုံးကအားနည်းတာရောနဲ့ လူမထိသွားဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွါးခဲ့တဲ့ဆိုင်ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်စစ်ဆေးခဲ့ပြီးနောက် အရန်မီးသတ်နှစ်ယောက်ကို လုံခြုံရေးချသွားပေးခဲ့တယ်လို့ သိရပါတယ်။