၅၀၀၀တန် ၁၀၀၀၀တန် ငွေစက္ကူတွေကို ဆက်လက်သုံးစွဲနိုင်တယ်လို့ ဗဟိုဘဏ်ကြေညာ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

ထုတ်ဝေထားပြီးဖြစ်တဲ့ ၅၀၀၀ကျပ်တန် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ရုတ်သိမ်းပြီး ဘဏ်တွေ ပိတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့် ပြည်သူတွေက ဘဏ်တွေမှာ ငွေထုတ်ယူမှုတွေများနေတာကြောင့် ငွေစက္ကူတွေကို ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ကြောင်းနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ်လ ၁၃ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ဝေပြီးဖြစ်တဲ့ ငွေစက္ကူတွေကို ရုတ်သိမ်းမယ်ဆိုတာ ကောလဟာလထွက်ပေါ်တာသာဖြစ်တယ်လို့ ကြေညာချက်မှာ အဆိုပါ ကောလဟာလဟာ သတင်းအမှားဖြစ်ပြီး ငွေစက္ကူတွေကို လုံးဝရုတ်သိမ်းခြင်းမရှိဘူးဆိုတဲ့ အာမခံချက်တော့ မပါဝင်ခဲ့ပါဘူး။

ဒါ့အပြင် ဘဏ်တွေကို ပုံမှန်ဝန်ဆောင်မှုပေးဖို့ ညွှန်ကြားထားတယ်လို့ဆိုပြီး ဗဟိုဘဏ်က ကြေညာပေမယ့် လက်တွေ့မှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ATM စက်တွေမှာ ငွေသားလုံလောက်စွာ ထည့်သွင်းပေးခြင်းမရှိသေးတာ အပ်ငွေသာ လက်ခံပြီး ပြန်လည်ငွေကြေးထုတ်ယူလိုသူတွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးတာ ဆက်လက်ရှိနေဆဲဖြစ်နေပါတယ်။

Delta News Agency

Read Previous

ကရင်နီဒေသတိုက်ပွဲမှာ စစ်အုပ်စု ငါးဦးသေပြီး လက်နက်တွေ သိမ်းဆည်းရရှိထားတယ်လို့ KNDF ထုတ်ပြန်

Read Next

အမေရိကန်အပါအဝင် QUAD လေးနိုင်ငံအစည်းအဝေးမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး