မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ခန့်အပ်

၄၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို သြဂုတ်လ ၃ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ခန့်အပ်လိုက်ပါတယ်။

မြန်မာ့အရေး ဖြေရှင်းပေးဖို့ အာဆီယံနိုင်ငံတွေ့က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် Erywan Yusof ကို မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က လက်ခံအတည်ပြုတယ်လို့လည်း ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Erywan Yusof အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံဘက်က တောင်းဆို ထားတဲ့ အချက် (၅) ချက်ကို မြန်မာ ဘက်က လေးစားလိုက်နာဖို့ ကြိုးစားရမှာဖြစ်ပြီး အာဆီယံ အထူးကိုယ်စားလှယ်တာဝန်နဲ့ မြန်မာနိုင်ငံကို ဘယ်ချိန်လာရောက်မှာလဲ ဆိုတာကတော့ တိတိကျကျထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ မြင့်တက်နေတာတွေနဲ့ ပတ်သတ်ပြီး ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံအဖွဲ့ဟာ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရသင့် သလို၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းအားလုံးနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရသင့်တယ်လို့လည်း နိုင်ငံတကာက တောင်းဆိုထားပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုကို သတင်းမပေးဖို့နဲ့ မပူးပေါင်းဖို့ CDF အဖွဲ့တချို့ သတိ​ပေး

Read Next

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၃)ဦးသေဆုံး