ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၈ဦးသေဆုံး

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၇ရက်နေ့က ကိုဗစ်လူနာ (၁၈)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာ ဆေးရုံကနေ သေဆုံးသူ(၄)ဦးစစ်တပ်မဆရ(၄)ဆေးရုံက သေဆုံးသူ(၂)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၁၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၆၀)ဦးအပါအ၀င် စုစုပေါင်း (၁၀၇၀)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

နွေဦးတော်လှန်ရေး ခြောက်လကျော်ကာလအတွင်း ကျဆုံးသူ ၉၉၀ ကျော်ရှိလာ

Read Next

မင်းကင်းမြို့မှာ ရဲတစ်ယောက်က ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်