ဩဂုတ်လကုန်ထိ အများပြည်သူ အလုပ်ပိတ်ရက်ထပ်တိုး

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၀ ။

အကြမ်းဖက်စစ်အုပ်စုက ကိုဗစ်ရောဂါ ကူးစက်မှုကို ကွင်းဆက်ဖြတ်တောက်နိုင်ဖို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက အများပြည်သူ အလုပ်ပိတ်ရက်ကို ဩဂုတ်လ ၂၃ရက်နေ့ကနေ ဩဂုတ်လ ၃၁ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဘဏ်လုပ်ငန်းတွေကလွဲပြီးတော့ အကုန်ဆက်လက်ပိတ်ထားဖို့ စစ်အုပ်စု သတ်မှတ်ခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ ကိုဗစ်ရောဂါထိန်းချုပ်ရေး အကြောင်းပြကာ အလုပ်ပိတ်ရက်တွေကို သတ်မှတ်ခဲ့ပေမဲ့ အခြေခံပြည်သူတွေကို မည်သည့် ထောက်ပံ့ကူညီမှုမျိုးကိုမှ လုပ်ဆောင်ပေးခြင်းမရှိဘဲ မိမိတို့ အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် အခြေခံပြည်သူတွေမှာ ဝင်ငွေမရရှိမှုကြောင့် အိမ်လခ အဆောင်လခတွေ မပေးချေနိုင်တော့တာ စားသောက်ဖို့ မရှိတော့အထိ ဖြစ်ပေါ်နေခဲ့ပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွါးမှု ထိန်းချုပ်နိုင်ရေးအတွက် အလုပ်ပိတ်ရက်တွေကို သတ်မှတ်ခဲ့ချိန်မှာ အခြေခံပြည်သူတွေအတွက် စားနပ်ရိက္ခာတွေအပြင် ငွေကြေးထောက်ပံ့မှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။